Slide 1 Slide 1

Activities

ဂမုန်းပွင့် မိသားစု၏ CSR အစီအစဉ်

ဂမုန်းပွင့် မိသားစု၏ CSR အစီအစဉ်အရ လစဉ်လှူဒါန်းမှုတွင် 2026 ၊ ဇန်နဝါရိလ (၉) ရက်နေ့တွင် ရန်ကုန်တိုင်း ၊ ဒဂုံမြို့နယ် ၊ အမှတ် (၂) သံတမန်လမ်းရှိ ကျောင်းသား (၁၈၀) ဦးခန့် ရှိသော မေရီချက်(ပ်)မင်း နားမကြားကလေးများကျောင်း နှင့်ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့နယ် ၊ အမှတ် (၁၃၂) ပန်းပင်ကြီးလမ်းရှိ လူမှုဝန်ထမ်းဉီးစီးဌာန ခွင့်ပြုအင်အား ကျောင်းသား(၂၀၀) ဦး ၊လက်ရှိအင်အား (၁၂၁) ဦးရှိသော အစိုးရလက်အောက်ခံ မျက်မမြင်ကလေးများကျောင်းတို့တွင် ငွေကျပ် သိန်း(၅၀)ကျော်တန်ဖိုးရှိ ဆန် ၊ ဆီ ၊ ရေခဲမုန့်များနှင့် ငါးမုန့်ထုပ်များကို တစ်ကျောင်းလျှင် (၂၅)သိန်းဖိုးစီ ပါမောက္ခ ဦးသိန်းဝင်း နှင့်အတူ ၈၂/၈၃ ဘူမိဗေဒ သူငယ်ချင်းများမှ စုပေါင်းလှူဒါန်းခဲ့သည့် ပုံရိပ်လေးများကို ထပ်တူဝမ်းမြောက်သာဓုခေါ်စေနိုင်ရန် တင်ဆက်ပေးလိုက်ပါသည်။ 🙏