ဂမုန်းပွင့် မိသားစု၏ CSR ဖေဖော်ဝါရီလအစီအစဉ်
ဂမုန်းပွင့် မိသားစု၏ CSR အစီအစဉ်အရ လစဉ်လှူဒါန်းမှုတွင် ဖေဖော်ဝါရီလ အတွက် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် တည်ရှိသော မေတ္တာပါရမီ သီလရှင်စာသင်တိုက် တွင် ငွေကျပ် (၁၅)သိန်း ကျော်တန်ဖိုးရှိ ဆန်၊ ဆီ၊ ကြက်သွန်နီနှင့် ကြက်သားမှုန့်များအား ပါမောက္ခ ဦးသိန်းဝင်း နှင့်အတူ ၈၂/၈၃ ဘူမိဗေဒ သူငယ်ချင်းများစုပေါင်း လှူဒါန်းခဲ့သည့် ပုံရိပ်လေးများကို ထပ်တူဝမ်းမြောက်သာဓုခေါ်စေနိုင်ရန် တင်ဆက်ပေးလိုက်ပါသည်။